
လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်က အသင်းအနေနဲ့ တိုက်စစ်ကစားသမား ထပ်ခေါ်သင့်တယ်လို့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်က ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်းလည်း ပြောကြားခဲ့ပြီး ''ကျွန်တော်တို့ ဒါဝင်ကို ဆုံးရှုံးခဲ့ရပါတယ်။ သူက ဆော်ဒီကို ထွက်သွားပါတယ်။ လူးဝစ်ဒီယက်ဇ်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ သူက ဘိုင်ယန်ကို ထွက်သွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်စစ်ကစားသမားတစ်ယောက် အားဖြည့်သင့်တယ်လို့ ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ အာနယ်ဆလော့ကတော့ တိုုက်စစ်ပိုင်းက လုံလောက်တာထက်ပိုတယ်လို့ ထင်မြင်ကြောင်း ဆိုခဲ့ပါတယ်။
''ကျွန်တော်တို့ရဲ့ တိုက်စစ်အရည်အသွေးက အနိုင်ရဖို့ လုံလောက်တာထက်ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပဲလေ့စ်ကို နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အိမ်ကွင်းရော အဝေးကွင်းမှာပါ တစ်ဂိုးစီပဲ သွင်းနိုင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ တိုက်စစ်အတွက် ပူပန်စရာမရှိပါဘူး။ ဒါပေမဲ့ ရာသီကြိုကာလမှာ ပေးခဲ့ရတဲ့ ဂိုးအရေအတွက်ကတော့ ကျွန်တော်တို့ရဲ့ အဆင့်အတန်း မဟုတ်ပါဘူး'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီကြိုကာလမှာ ကွန်မြူနတီဒိုင်းအပါအဝင် (၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပေးဂိုး(၁၁)ဂိုး ရှိခဲ့ပါတယ်။