
ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာ ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူနဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်များစွာ အားဖြည့်ခေါ်ယူထားသလို၊ ကစားသမားများစွာကိုလည်း ရောင်းထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ အပြောင်းအရွှေ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ စီစဉ်နေရာမှာ ဇာဗီဆိုင်မွန်စ်က ဦးစားပေးကစားသမားတစ်ဦးဖြစ်နေကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက အန်ကွန်ကူရဲ့တန်ဖိုးကို ပေါင်သန်း(၄၀)အဖြစ် သတ်မှတ်ပြီး လိုအပ်တဲ့ ငွေကြေးပမာဏကို အလိုက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ မန်ယူအသင်းက အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုကို ခေါ်ယူဖို့နဲ့ အသင်းက ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ကို ရောင်းထုတ်ဖို့လည်း နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။