Eleven Media Group

လိုင်လီနောက်ခံလူ ဒီယာကီတီ ဘုန်းမောက်အသင်းနဲ့ သဘောတူညီမှုရရှိ

Photo: X

လိုင်ယွန်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဒီယာကီတီဟာ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘုန်းမောက်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ နောက်ခံလူတွေဖြစ်တဲ့ ဟူဆန်နဲ့ ကာကက်ဇ်တို့ကို ရောင်းထုတ်ထားသလို၊ ဇာဘန်နီကိုလည်း PSG အသင်းဆီ ရောင်းထုတ်ဖို့ နီးစပ်နေတာကြောင့် ဒီယာကီတီကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘုန်းမောက်အသင်းဟာ ဒီယာကီတီကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၀.၄)သန်းနဲ့ Add-ons ကြေး ပေါင်(၄.၃)သန်းပေးချေရမှာဖြစ်တာကြောင့် အသင်းရဲ့သမိုင်းမှာ ဒုတိယတန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။
ဒီယာကီတီဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းရဲ့ တတိယမြောက်ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး စျေးကွက်မပိတ်ခင် နောက်ခံလူတစ်ဦး ထပ်မံခေါ်ယူသွားဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
ဒီယာကီတီ(၂၄ နှစ်)ဟာ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖူးခြင်းမရှိသေးပါဘူး။

မူရင်းသတင်း — Eleven Media Group