Eleven Media Group

ကင်စလေကိုးမန်းကို အယ်လ်နာဆာအသင်း သဘောတူညီမှုရရှိ

Photo: Getty Images

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ပြင်သစ်တောင်ပံကစားသမား ကင်စလေကိုးမန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
ကိုးမန်း(၂၉ နှစ်)ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ပွဲပေါင်း(၃၀၀)ကျော် ကစားပေးထားသူဖြစ်ပါတယ်။
ကိုးမန်းဟာ နည်းပြ ကွန်ပနီလက်ထက်မှာ ပွဲကစားခွင့် လျော့ကျလာခဲ့သလို၊ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းက ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကိုးမန်းအတွက် ပြောင်းရွှေ့ကြေးယူရို(၃၅)သန်းဝန်းကျင် ပေးချေရမှာဖြစ်ပြီး ကိုးမန်းကိုတော့ တစ်နှစ်လစာ ယူရိုသန်း(၂၀)နဲ့ (၂၅)သန်းကြားပမာဏနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ကိုးမန်းဟာ PSG၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ် (၃)သင်းစလုံးမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group