
မန်ယူအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို ရောင်းထုတ်ဖို့ စီစဉ်နေပေမဲ့ ဒီတစ်ပတ်အတွင်း ရောင်းမထုတ်နိုင်ရင်တော့ ဇန်နဝါရီအထိ အသင်းမှာ အရန်ခုံထိုင်ခိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ အန်တိုနီ(၂၅ နှစ်)ကို ၂၀၂၂ နွေရာသီမှာ ယူရို(၉၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ တတိယတန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ယူရိုသန်း(၄၀)ဝန်းကျင်နဲ့ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေပြီး ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။
အန်တိုနီဟာ မန်ယူအသင်းမှာ (၃)ရာသီအတွင်း (၉၆)ပွဲကစားကာ (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘက်တစ်အ သင်းဆီ အငှားသွားကစားခဲ့ရပါတယ်။
ဘက်တစ်အသင်းမှာတော့ (၂၆)ပွဲကစားရာမှာ (၉)ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘက်တစ်အသင်းက အငှားနဲ့ ထပ်ခေါ်ချင်နေသလို၊ အန်တိုနီကလည်း ဘက်တစ်အသင်းနဲ့ ဆက်ပြီးလက်တွဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဒါကြောင့် မန်ယူအသင်းက အပြောင်းအရွှေ့အတွက် အခုတစ်ပတ်အတွင်း အဆုံးအဖြတ်ပေးဖို့ အန်တိုနီကို တွန်းအားပေးထားကြောင်း သိရပါတယ်။