
ပိုလန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျန်အာဘန်က အသင်းခေါင်းဆောင်ဟောင်း လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ပြန်ကစားပေးချင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး(၃၆ နှစ်)ဟာ ၂၀၀၈ ခုနှစ်ကတည်းက ပိုလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ပွဲပေါင်း(၁၅၈)ပွဲကစားကာ (၈၅)ဂိုး သွင်းယူထားသူပါ။
ဒါကြောင့် ပိုလန်လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက် ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားပေမဲ့ နည်းပြ ပရိုဘီယာ့ဇ်လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။
ဒါကြောင့် လီဝန်ဒေါစကီးက ပရိုဘီယာ့ဇ်လက်ထက်မှာ လက်ရွေးစင်အသင်းအတွက် မကစားတော့ဘူးလို့ ကြေညာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပိုလန်အသင်းကို နည်းပြသစ် အာဘန်က ကိုင်တွယ်နေပါပြီ။
အာဘန်က ''ကျွန်တော် လီဝန်ဒေါစကီးနဲ့ ဖုန်းနဲ့ စကားပြောဖြစ်ပါတယ်။ သူ့ကို ပြန်ကစားဖို့ ဆန္ဒရှိလားလို့ မေးတော့ ကစားချင်တယ်လို့ ဖြေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးကို အသင်းခေါင်းဆောင်အဖြစ် ပြန်ခန့်၊ မခန့်ဆိုတာကိုတော့ ကစားသမားတွေရဲ့ သဘောထားကို မေးမြန်းပြီးမှ ဆုံးဖြတ်သွားမယ်လို့လည်း အာဘန်က ဆိုခဲ့ပါတယ်။