Eleven Media Group

၂၀၂၅ ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက်

Photo: UEFA

PSG နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ PSG အသင်းနဲ့ ယူရိုပါလိဂ်ဖလားရခဲ့တဲ့ စပါးအသင်းတို့ နောက်ထပ်ဖလားတစ်လုံး အပြိုင်လုရမယ့်ပွဲဖြစ်ပြီး အီတလီမှာ ယှဉ်ပြိုင်ကစားရမှာပါ။ စပါးအသင်းက ဥရောပစူပါဖလားကို ပထမဆုံးယှဉ်ပြိုင်ကစားဖူးတာဖြစ်ပြီး PSG ကတော့ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်မှာတုန်းကတော့ PSG က ဂျူဗင်တပ်စ်ကို နှစ်ကျော့ပေါင်း (၂-၉)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အခု နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့်ရချိန်မှာတော့ PSG က ဆုဖလားရရှိဖို့ အပြတ်အသတ်ရေပန်းစားနေပါတယ်။ နည်းပြအပြောင်းအလဲဖြစ်ထားတဲ့ စပါးက ရာသီကြိုမှာ အာဆင်နယ်ကို အနိုင်ရခဲ့ပေမဲ့ ကျန်တဲ့ပွဲတွေမှာတော့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ PSG ကတော့ ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားခဲ့တာကြောင့် ခြေစမ်းပွဲ မကစားခဲ့ပါဘူး။ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့တာကြောင့် ဒီပွဲမှာ PSG အသင်း ဂရုတစိုက်ကစားမှာပါ။ PSG အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရနိုင်ခြေရှိပါတယ်။

မူရင်းသတင်း — Eleven Media Group