Eleven Media Group

ဒီယွန်းကို လစာလျှော့ချပြီး သက်တမ်းတိုးဖို့ ဘာစီလိုနာအသင်း လိုလားနေ

Photo: X

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို လစာလျှော့ချပြီး သက်တမ်းတိုးဖို့ လိုလားနေကြောင်း သိရပါတယ်။
ဒီယွန်း(၂၈ နှစ်)ဟာ ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နောက် ဒုတိယလစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး တစ်နှစ်ကို ယူရို(၁၉)သန်းဝန်းကျင် ရရှိနေသူပါ။
ဘာစီလိုနာအသင်းဟာ ဒီယွန်းရဲ့ လစာမြင့်မားမှုကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ပေမဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် လက်မလွှတ်နိုင်ဘဲ ဖြစ်နေပါတယ်။
ဒီယွန်းရဲ့ လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အမြန်ဆုံးသက်တမ်းမတိုးနိုင်ရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆုံးရှုံးရတော့မှာပါ။
ဒါကြောင့် ဘာစီလိုနာအသင်းက သက်တမ်းတိုးဖို့ ကြိုးစားနေပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားကို လျှော့ချပေးစေလိုကြောင်း သိရပါတယ်။
ဒီယွန်းကသာ လက်ခံမယ််ဆိုရင် ဘာစီလိုနာအသင်းက ၂၀၂၉ အထိ သက်တမ်းတိုးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group