
PSG အသင်းရဲ့ ကွင်းလယ်ကစားသမား ဗီတင်ညာက နန့်စ်နဲ့ပွဲက ဂိုးဟာ ကံကောင်းလို့ ရရှိခြင်းဖြစ်ပေမဲ့ ထိုက်တန်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်လီဂူးရဲ့ လက်ရှိချန်ပီယံ PSG အသင်းဟာ တနင်္ဂနွေနေ့က နန့်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဗီတင်ညာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရာသီသစ်ကို နိုင်ပွဲနဲ့ အစပြုနိုင်ခဲ့ပါတယ်။
နန့်စ်အသင်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရရှိတဲ့အထိ PSG အသင်းက အသာစီးယူကစားနိုင်ခဲ့ပြီး အနိုင်ဂိုးကိုတော့ ဗီတင်ညာက ပွဲချိ်န်(၆၇)မိနစ်မှာ မီတာ(၂၀)အကွာကနေ သွင်းယူခဲ့တာပါ။
ပြိုင်ဘက်နောက်ခံလူနဲ့ထိပြီး ဝင်သွားခဲ့ခြင်းဖြစ်တာကြောင့် ဗီတင်ညာက '' ဒီဂိုးက ကံကောင်းလို့ပါ။ ဒါပေမဲ့ ထိုက်တန်ပါတယ်။ ဂိုးသွင်းနိုင်တဲ့အတွက် ပျော်ပါတယ်။ ဒါပေမဲ့ အသင်းအတွက်က ပိုအရေးကြီးပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဗီတင်ညာဟာ အဲဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။