
လိဒ်စ် နှင့် အဲဗာတန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
ရာသီကြိုခြေစမ်းပွဲရလဒ်တွေချင်း နှိုင်းယှဉ်ကြည့်ရင်တော့ အဲဗာတန်အသင်းက ရလဒ်တွေ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ တန်းတက်ကလပ် လိဒ်စ်အသင်းက မန်ယူ၊ ဗီလာရီးယဲလ်၊ အေစီမီလန်တို့လိုအသင်းတွေကို သရေကစားနိုင်ခဲ့ပါတယ်။ နွေရာသီပြင်ဆင်အားဖြည့်မှုမှာတော့ အဲဗာတန်အသင်းက ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အရင်ကတည်းက လိဒ်စ်ကွင်းမှာ အဲဗာတန်အသင်း အနိုင်ရဖို့ခက်တတ်တာကြောင့် လိဒ်စ်ကိုပဲ ရွေးချင်ပါတယ်။
အယ်လ်ချီ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
တန်းတက်ကလပ် အယ်လ်ချီနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရ ဘက်တစ်ရဲ့ ကြား ခြားနားမှုရှိပါတယ်။ နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း ဘက်တစ်က အသာစီးယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘက်တစ်ပဲ အနိုင်ရဖို့များပါတယ်။