Eleven Media Group

အက်သလက်တီကိုနည်းပြဘဝမှာ ပထမဆုံးရာသီအဖွင့်ရှုံးပွဲနဲ့ ဆီမြွန်နီ ရင်ဆိုင်ခဲ့ရ

Photo: X

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီဟာ လက်ရှိအသင်းကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ပထမဆုံးရာသီအဖွင့်ရှုံးပွဲနဲ့ ရင်ဆိိုင်ခဲ့ရကြောင်း သိရပါတယ်။
ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းကို ၂၀၁၁ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်တာကြောင့် ရာသီအပြည့်ကိုင်တွယ်ခွင့်ရခဲ့တာ ၂၀၁၂-၁၃ ရာသီကတည်းကပါ။
အဲဒီ ၂၀၁၂-၁၃ ရာသီကနေ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအထိ (၁၃)ရာသီအတွင်း လာလီဂါရာသီအဖွင့်ပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲနိုင်၊ (၆)ပွဲသရေကျခဲ့ပါတယ်။
ဒီရာသီမှာတော့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အက်စ်ပန်ညိုအသင်းကို (၁-၂)ဂိုးနဲ့ ရှုံံးနိမ့်ခဲ့တာကြောင့် ဆီမြွန်နီလက်ထက် ပထမဆုံး ရာသီအဖွင့်ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အက်သလက်တီကိုအသင်းအနေနဲ့လည်း ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ရာသီအဖွင့်ပွဲမှာ ပထမဆုံးရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် ဆီမြွန်နီက ဒီပွဲဟာ သင်ယူရမယ့်အတွေ့အကြုံတစ်ခုဖြစ်ပြီး ရှုံးပွဲကနေ သင်ခန်းစာယူသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group