
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အော်ဒီဂွါဟာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်နိုင်ပွဲ ဒုုတိယအများဆုံးရယူထားတဲ့ ဗီယာရာရဲ့ စံချိန်ကို လိုက်မီခဲ့ကြောင်း သိရပါတယ်။
နော်ဝေကစားသမား အော်ဒီဂွါ(၂၆ နှစ်)ဟာ အာဆင်နယ်အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် စတင်ခန့်အပ်ခံခဲ့ရတာပါ။
အခုနှစ် ရာသီအကြိုကာလမှာ အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် အပြောင်းအလဲလုပ်သင့်တယ်လို့ အကြံပြုမှုတွေ ရှိခဲ့ပေမဲ့ အသင်းဖော်တွေရဲ့ ရွေးချယ်မှုအရ အော်ဒီဂွါပဲ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိခဲ့ပါတယ်။
အော်ဒီဂွါက မန်ယူအသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင်ဘဝ ပရီးမီးယားလိဂ်နိုင်ပွဲ (၇၁)ပွဲရှိသွားခဲ့တာကြောင့် ပြင်သစ်ကစားသမား ဗီယာရာရဲ့စံချိန်မှတ်တမ်းကို လိုက်မီသွားခဲ့တာပါ။
အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူတွေထဲမှာ ပရီးမီးယားလိဂ်နိုင်ပွဲ အများဆုံးရယူထားနိုင်သူကတော့ တိုနီအဒမ် (၁၃၀ ပွဲ)ဖြစ်ကြောင်း သိရပါတယ်။