Eleven Media Group

စီးရီးအေရဲ့ အမြန်ဆုံးကစားသမား ချက်ချူအာကို ဝုလ်ဗ်အသင်း ခေါ်ယူ

Photo: X

ဝုလ်ဗ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲရဲ့ အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဗီရိုနာနောက်ခံလူ ဂျက်ဆင်ချက်ချူအာကို ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
ကင်မရွန်းလက်ရွေးစင် ချက်ချူအာဟာ ညာနောက်ခံလူအဖြစ်ရော တောင်ပံကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက တစ်နာရီကို (၃၆.၃) ကီလိုမီတာနှုန်းအထိ ပြေးခဲ့တာကြောင့် စီးရီးအေရဲ့ အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဝုလ်ဗ်အသင်းဟာ ချက်ချူအာ(၂၃ နှစ်)ကို ပြောင်းရွှေ့ကြေး ယူရို(၁၂.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ချက်ချူအာဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီရိုနာအသင်းအတွက် စီးရီးအေပွဲစဉ် (၃၆)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဝုလ်ဗ်အသင်းအတွက် ချက်ချူအာဟာ အခုနွေရာသီမှာ (၅)ဦးမြောက်ခေါ်ယူတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group