
အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံတောင်ပံကစားသမား ထရိုဆက်ဒ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ထရိုဆက်ဒ်(၃၀ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းက အဲဒီစာချုပ်သက်တမ်းအတိုင်းပဲ လစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထရိုဆက်ဒ်ဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေ အာဆင်နယ်အသင်းကို ပေါင်သန်း(၂၀)+ Add-ons ကြေး ပေါင်(၇)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်(၃၈)ပွဲစလုံး ကစားခွင့်ရခဲ့ပါတယ်။
ထရိုဆက်ဒ်က ဒီနွေမှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့တာပါ။
အရင်က တစ်ပတ်ပေါင်(၉၀၀၀၀)သာ ရရှိတဲ့ ထရိုဆက်ဒ်ဟာ စာချုပ်သစ်အရ တစ်ပတ်ပေါင်(၂၂၀၀၀၀)ရရှိသွားမယ်လို့ သိရပါတယ်။