Eleven Media Group

ပြင်သစ်နောက်ခံလူ ကိုနာတေးကို ယူရိုသန်း(၅၀)အောက်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးလ် ရောင်းထုတ်မှာမဟုတ်

Photo: Yahoo

လီဗာပူးလ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေးကို ယူရိုသန်း(၅၀)အောက် ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်မှာမဟုတ်ကြောင်း သိရပါတယ်။
ကိုနာတေး(၂၆ နှစ်)ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးနိုင်ခြင်းမရှိသေးပါဘူး။
ရီးယဲလ်အသင်းက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ချိန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေသလို၊ ဒီနွေမှာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။
ရီးယဲလ်အသင်းက လာမယ့်နွေမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ရင် ကိုနာတေးကို လက်မှတ်ထိုးကြေး အများအပြားပေးမယ်လို့ ကတိပေးထားပြီး ဒီနွေမှာ ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို ယူရို(၃၅)သန်း အသုံးပြုဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းက ယူရိုသန်း(၅၀)အောက်နဲ့ ကမ်းလှမ်းရင် လက်ခံမှာမဟုတ်ဘဲ သက်တမ်းတိုးနိုင်ဖို့သာ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group