Eleven Media Group

မန်ယူအသင်း စိတ်ဝင်စားနေတဲ့ လူစီအန်အဂူမီအတွက် ဆီဗီလာအသင်း ယူရိုသန်း(၃၀)အလိုရှိ

Photo: X

ဆီဗီလာအသင်းက မန်ယူအသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား လူစီအန်အဂူမီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) အလိုရှိနေကြောင်း သိရပါတယ်။
မန်ယူအသင်းက ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေရာမှာ ဘရိုက်တန်အသင်းက ကင်မရွန်းကစားသမား ဘာလီဘာကို မျက်စိကျနေပေမဲ့ ဘရိုက်တန်က ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)တောင်းဆိုထားတာကြောင့် အခက်တွေ့နေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ်ကစားသမား အဂူမီကို ခေါ်ယူဖို့ ပြောင်းလဲစီစဉ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆီဗီလာအသင်းက အဂူမီကို ၂၀၂၄ နွေရာသီမှာ အင်တာမီလန်ကနေ ယူရို(၈)သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး ယူရိုသန်း(၄၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ ဒီနွေရာသီမှာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ယူရိုသန်း(၃၀)နဲ့ ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group