Eleven Media Group

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွန်းဖရန့်လိဂ်ပွဲမှာ အက်ဇီကို ကျေးဇူးတင်ကြောင်း စာတန်းတွေကို ပရိတ်သတ်တချို့ ကိုင်ဆောင်ပြသခဲ့

Photo: Daily Mail

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကြာသပတေးညက ဖရက်ဒရက်စတတ်ဒ်အသင်းနဲ့ ကွန်းဖရန့်လိဂ် Play-offs အဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ပြီး အဲဒီပွဲမှာ ပရိသတ်တချို့က အက်ဇီကို ကျေးဇူးတင်ကြောင်းစာတန်းတွေ ကိုင်ဆောင်ပြသခဲ့တယ်လို့ သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဥရောပအဆင့်ပြိုင်ပွဲတစ်ခုကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး ဒီပွဲမှာ အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အက်ဇီကတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
အင်္ဂလန်တိုက်စစ်ကစားသမား အက်ဇီက အာဆင်နယ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် ပါဝင်မကစားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက အက်ဇီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)+ Add-ons ကြေး ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဒီနေ့ ဆေးစစ်မှုပြု လုပ်မယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း ခရစ္စတယ်ပဲလေ့စ်ပရိသတ်တချို့က ကျေးဇူးတင်ကြောင်း စာတန်းနဲ့အတူ အက်ဇီကို နှုတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group