Eleven Media Group

ဆယ်ဗင်ညိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စပါးအသင်း စီစဉ်

Photo: X

စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကစားသမား အက်ဇီကို သဘောတူညီမှုရရှိခဲ့ပြီးမှ လက်လွတ်ခဲ့ရတာကြောင့် ဆယ်ဗင်ညိုကို အရခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆယ်ဗင်ညို(၂၁ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ပွဲကစားခွင့်ပိုရမယ့်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး သူ့ရဲ့အေးဂျင့်တွေ အင်္ဂလန်ကို ရောက်ရှိနေကြောင်းလည်း သိရပါတယ်။
စပါးအသင်းက ဆယ်ဗင်ညိုကို ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့ပြီးဖြစ်ပေမဲ့ မန်စီးတီးအသင်းက ငြင်းပယ်ခဲ့တာကြောင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်စေမယ့် ပေါင်(၆၉)သန်းနဲ့ ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ကြေးအကြီးဆုံးက ဆိုလန်ကီ (ပေါင် ၆၅ သန်း)ဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group