Eleven Media Group

ဂူဟီ ထွက်ခွာသွားရင် မိမိ ဝင်ကစားဖို့ ကြိုးစားရလိမ့်မယ်လို့ ဂလက်စ်နာ ဆို

Photo: X

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့နည်းပြ ဂလက်စ်နာက နောက်ခံလူ ဂူဟီ အသင်းက ထွက်ခွာသွားရင် မိမိ ဝင်ကစားဖို့ ကြိုးစားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဂလက်စ်နာက အဓိကကစားသမားလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂူဟီကို အသင်းမှာ ဆက်ထိန်းထားစေလိုပေမဲ့ အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်ကတော့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။
ဂလက်စ်နာက ကစားသမားသစ်တွေ ထပ်မံအားဖြည့်ပေးဖို့ တောင်းဆိုထားတာကိုလည်း အသင်းတာဝန်ရှိသူတွေက လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် ဂလက်စ်နာက သူကိုယ်တိုင် ဝင်ကစားရမယ့်အခြေအနေဖြစ်နေကြောင်း ပြောကြားခဲ့တာပါ။
''ဂူဟီ ထွက်ခွာသွားရင် ကျွန်တော် ဝင်ကစားဖို့ ကြိုးစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က နောက်ခံလူတစ်ယောက် ဖြစ်ခဲ့တာကြောင့်ပါ။ ဒါက ကောင်းမွန်တဲ့ ဖြေရှင်းမှု ဖြစ်လာနိုင်ပါတယ်'' လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group