Eleven Media Group

ဆယ်ဗင်ညိုနဲ့ မော်ဂန်ရော်ဂျာစ်တို့ကို စျေးကွက်မပိတ်ခင် ခေါ်ယူနိုင်ဖို့ စပါးအသင်း ကြိုးပမ်းနေ

Photo: X

စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆယ်ဗင်ညိုနဲ့ အက်စတွန်ဗီလာအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်တို့ကို အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
စပါးအသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ အငှားခေါ်ယူမှုအပါအဝင် ကစားသမားသစ်(၈)ဦး ခေါ်ယူထားပေမဲ့ ပစ်မှတ်ကစားသမားတချို့ကို ခေါ်ယူနိုုင်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် စျေးကွက်ပိတ်ခါနီးအချိန်အထိ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေရတာဖြစ်ပြီး အခုနောက်ဆုံးပစ်မှတ်ထားနေတာကတော့ ဆယ်ဗင်ညိုနဲ့ မော်ဂန်ရော်ဂျာစ်တို့ပါ။
အက်စတွန်ဗီလာအသင်းက မော်ဂန်ရော်ဂျာစ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမဲ့ မန်စီးတီးအသင်းကတော့ ဆယ်ဗင်ညိုကို ရောင်းထုတ်ပြီး ရီးယဲလ်က ရိုဒရီဂိုကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို စက်တင်ဘာ(၁)မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် အခု နောက်ဆုံးရက်သတ္တပတ်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group