
ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား အိုလီဆေးဟာ မန်စီးတီးအသင်းဖော် ဒီဘရိုင်းနားလို ဖြစ်လာနိုင်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိတဲ့ ပထမဆုံးရာသီမှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းက အိုလီဆေးကို ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး အဲဒီရာသီမှာ အသင်းရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။
အိုလီဆေး(၂၃ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၅၅)ပွဲကစားကာ ဂိုး(၂၀)သွင်းယူနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း ဘွန်ဒစ်လီဂါရာသီအဖွင့်ပွဲမှာပဲ (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ကွန်ပနီက မန်စီးတီးအသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ ဒီဘရိုင်းနားလိုပဲ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကာလရှည်အားထားရမယ့်သူ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။
''သူ့ရဲ့ ကိန်းဂဏန်းတွေက အဓိကမကျပါဘူး။ ဒါပေမဲ့ သူ ပိုကောင်းလာပြီး ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ သူ့ရဲ့တိုးတက်ဖြစ်ထွန်းမှုကို မြင်တွေ့ရတာ ဒီဘရိုင်းနားနဲ့ နှိုင်းယှဉ်ချင်စရာကောင်းနေပါတယ်။ ဘိုင်ယန်ပရိသတ်တွေအနေနဲ့ သူ့ဆီကနေ ပျော်ရွှင်ခြင်းတွေကို အချိန်အကြာကြီး ရရှိသွားမှာပါ'' လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။