
ပေါ်တိုအသင်းဟာ ပိုလန်နောက်ခံလူ ကီဝီယောအတွက်အာဆင်နယ်အသင်းရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
ပေါ်တိုအသင်းဟာ အာဆင်နယ်အသင်းမှာ အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရတဲ့ ကီဝီယော(၂၅ နှစ်)ကို ယူရို(၂၅)သန်း+ Add-ons ကြေးနဲ့ ကမ်းလှမ်းထားပြီး ကစားသမားကလည်း ခေါင်းညိတ်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အာဆင်နယ်အသင်းက လေဗာကူဆင်နောက်ခံလူ ဟင်ကာပီယာကို ခေါ်ယူနိုင်ဖို့ သေချာမှသာ ကီဝီယောကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ ဘာတာက ကီဝီယောကို ပေါ်တိုအသင်းဆီ အငှားချပြီးမှ အပြီးသတ်ရောင်းကာ ဟင်ကာပီယာကိုလည်း အငှားခေါ်ပြီးမှ အပြီးသတ်စာချုပ်ချုပ်ဖို့ ကြိုးပမ်းနေကြောင်းလည်း မီဒီယာတချို့က ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေမှာ ပေါင်သန်း(၂၅၀)ကျော် သုံးစွဲထားတာကြောင့် ကစားသမားရောင်းချမှုကနေ ပေါင်သန်း(၈၀)ကျော် ပြန်လည်ရရှိဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။