
PSG အသင်းဟာ ပေါ်တူဂီကွင်းလယ်ကစားသမား ဗီတင်ညာကို ဒီနွေမှာ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
၂၀၂၂ နွေရာသီမှာ ပေါ်တိုကနေ PSG ကို ယူရို(၄၁.၅)သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဗီတင်ညာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်း ဖလားသုံးအောင်ပွဲ ရရှိခဲ့ရာမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သူက လက်ရှိအချိန်မှာ အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်၊ နည်းပြ အန်နရီကေးတို့ရဲ့ သဘောအကျဆုံးကစားသမား ဖြစ်နေတာကြောင့် ထိလို့မရတဲ့ကစားသမားဖြစ်ကြောင်းလည်း ဖာဘရီဇီယိုရိုမာနိုက သုံးသပ်ခဲ့ပါတယ်။
ဗီတင်ညာကို ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမား လိုအပ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမဲ့ ဒီနွေမှာ ဘယ်လောက်ပြောင်းရွှေ့ကြေးနဲ့ဖြစ်ဖြစ် PSG က ရောင်းထုတ်မှာ မဟုတ်ဘူးလို့လညး် ဆိုခဲ့ပါတယ်။
PSG အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ ချုပ်ဆိုထားတဲ့ ဗီတင်ညာရဲ့စာချုပ်မှာ လာမယ့်နှစ် နွေရာသီမှာ ယူရိုသန်း(၉၀)နဲ့ ထွက်ခွာနိုင်မယ့် လျော်ကြေးစာချုပ်ပါဝင်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ဖာဘရီဇီယိုရိုမာနိုကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။