Eleven Media Group

ဒန်နီအင့်စ်ကို ရှက်ဖီးယူနိုက်တက်အသင်း တစ်နှစ်စာချုပ် ချုပ်ဆို

Photo: Sheffield United

လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဟာ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဒန်နီအင့်စ်ကို တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ဒန်နီအင့်စ်(၃၃ နှစ်)ဟာ အင်္ဂလန်ကလပ်အသင်းများစွာမှာ လှည့်လည်ကစားနေသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တာက ဝက်စ်ဟမ်းအသင်းမှာပါ။
ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ လမ်းခွဲခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းက ဒန်နီအင့်စ်ကို တစ်နှစ်စာချုပ်သာ ချုပ်ဆိုခဲ့ပေမဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ်မူတည်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုရယူခဲ့ကြောင် းသိရပါတယ်။
ဒန်နီအင့်စ်ဟာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း လိဂ်ချန်ပီယံရှစ်မှာ တစ်ကျော့ပြန်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group