
မန်ယူအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးက အငှားထွက်ကစားချင်တယ်လို့ မန်ယူအသင်းကို အသိပေးအကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
မိန်နူးဟာ အသက်(၉)နှစ်အရွယ်ကတည်းက မန်ယူအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမဲ့ နည်းပြ အာမိုရင်မ်ရဲ့ နည်းစနစ်နဲ့ အံမဝင်တာကြောင့် အရန်ကစားသမားအဖြစ်သာ ရပ်တည်ရဖွယ်ရှိနေပါတယ်။
ဒါကြောင့် မိန်နူးက ဒီရာသီမှာ တခြားအသင်းကို အငှားထွက်ကစားဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မိန်နူးက မန်ယူအသင်းနဲ့ အပြီးသတ်လမ်းခွဲဖို့ ဆန္ဒမရှိသလို၊ မန်ယူအသင်းကလည်း မိန်နူးကို အသင်းမှာသာ နေရာလုတိုက်ပွဲ ဆင်နွှဲစေလိုကြောင်း နာမည်ကျော် ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ဖော်ပြခဲ့ပါတယ်။
မိန်နူးကို အငှားနဲ့ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။