Eleven Media Group

ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ် ပွဲအကျပ်ဆုံးလို့ စူပါကွန်ပျူတာ သတ်မှတ်

Photo: Opta

Opta ရဲ့ စူပါကွန်ပျူတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ပွဲအကျပ်ဆုံးလို့ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
Opta က ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတွေရဲ့ စံနှုန်းအပေါ်မူတည်ကာ တွက်ချက်ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက်(၈)သင်းရဲ့ ပျမ်းမျှစံနှုန်းက (၉၂.၉)နဲ့ အမြင့်ဆုံးဖြစ်နေတာကြောင့် ပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် League Phase မှာ ချယ်လ်ဆီး၊ PSG ၊ ကလပ်ဘရုဂေး၊ အာဆင်နယ်၊ စပို့တင်းလစ္စဘွန်း၊ PSV ၊ စိန့်ဂီလွိုင်ဆီ၊ ပါဖိုးစ်တို့နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။
ဒုတိယပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံရတာကတော့ လက်ရှိချန်ပီယံ PSG ဖြစ်ပြီး ဆုံတွေ့ရမယ့်အသင်းတွေက ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အတ္တလန်တာ၊ လေဗာကူဆင်၊ စပါး၊ စပို့တင်းလစ္စဘွန်း၊ နယူးကာဆယ်နဲ့ ဘီလ်ဘာအိုတို့ ဖြစ်ပါတယ်။
ဘောလုံးသုံးသပ်သူတွေနဲ့ ပရိသတ်အများစုကတော့ PSG အသင်းကို ပွဲအကျပ်ဆုံးလို့တောင် သတ်မှတ်ကြပါတယ်။
ချန်ပီယံလိဂ် League Phase ပွဲစဉ်တွေကို စက်တင်ဘာ(၁၆)မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group