Eleven Media Group

ချူယာမန်နီကို ပရီးမီးယားလိဂ်ကလပ်တစ်သင်း ကမ်းလှမ်းခဲ့ပြီး ရီးယဲလ် ငြင်းပယ်

Photo: X

ရီးယဲလ်အသင်းဟာ ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီအတွက် ပရီးမီးယားလိဂ်ကလပ်တစ်သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ချူယာမန်နီကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး လီဗာပူးလ်က ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။
ဒီနွေမှာလည်း မန်ယူအသင်းက ယူရိုသန်း(၉၀)၊ အာဆင်နယ်အသင်းက ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။
အခုနောက်ဆုံး ကမ်းလှမ်းခဲ့တဲ့အသင်းကို ရီးယဲလ်အသင်းက အမည်မဖော်ပြခဲ့ပေမဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူအသင်းဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။
ဒါပေမဲ့ ရီးယဲလ်အသင်းက ငြင်းပယ်ခဲ့ပြီး ချူယာမန်နီဟာ ယူရိုသန်း(၂၀၀)ပေးတောင် ရောင်းထုတ်မှာမဟုတ်တဲ့ ကစားသမားဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group