
လက်ချီ နှင့် အေစီမီလန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၁၅ နာရီ)
အေစီမီလန်အသင်းက ရာသီအဖွင့်ပွဲမှာ တန်းတက်ခရီမိုနီဆီအသင်းကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့တယ်။ အဲဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ တစ်ဖက်သတ်အသာရခဲ့သလို ဂိုးကန်သွင်းမှုကလည်း ၂၄ ကြိမ်အထိရှိပြီး ဂိုးပေါက်တည့်တဲ့ ခြိမ်းခြောက်မှုကလည်း ခြောက်ကြိမ်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် နောက်ခံလူ ပက်ဗ်လိုဗစ်သွင်းယူတဲ့ တစ်ဂိုးတည်းပဲရခဲ့တာပါ။ ဒီနွေရာသီမှာ မိုဒရစ်ကို ပြောင်းရွှေ့ကြေးအလွတ်အပါအဝင် ကစားသမားသစ်ငါးဦးကို ပေါင်သန်း ၁၀၀ နီးပါးအသုံးပြုပြီး အားဖြည့်ထားပေမဲ့ ရိန်ဒါ၊ သီယိုဟာနန်ဒက်ဇ်၊ သီယူ၊ မိုရာတာ၊ ယိုဗစ်တို့ရဲ့နေရာကိုတော့ အစားထိုးနိုင်ခြင်းမရှိပါဘူး။ လက်ချီကလည်း အဖွင့်ပွဲစဉ်မှာ ဂျီနိုအာအသင်းနဲ့ ဂိုးမရှိသရေကျထား တယ်။ လက်ချီက အားနည်းတဲ့အသင်းဖြစ်လို့ အေစီမီလန်အသင်း နိုင်ပွဲစရဖို့ရှိတယ်။
ဗလင်စီယာ နှင့် ဂီတာဖေး (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)
ဂီတာဖေးက လာလီဂါအဖွင့်နှစ်ပွဲဆက် အနိုင်ရထားပြီး ဗလင်စီယာကတော့ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ နိုင်ပွဲမရသေးပါဘူး။ လတ်တလောမှာ ဂီတာဖေးက ပိုကောင်းတဲ့အသင်းဖြစ်နေပေမဲ့ မက်စ်တဲလားကွင်းမှာ အနိုင်မရတာ (၇)နှစ်ကျော် ရှိသွားပါပြီ။ အမှတ်ခွဲယူရဖို့ အလားအလာများပါတယ်
အခြားပွဲစဉ်များ
*ခရီမိုနီဆီ - ဆာဆူအိုလို
*အယ်လ်ချီ - လီဗန်တေး
*ဟမ်းဘတ် - ဆန့်ပေါ်လီ
*လန်းစ် - ဘရက်စ်