Eleven Media Group

ဆောက်သမ်တန်ကွင်းလယ်ကစားသမား မားတီးယပ်စ်ဖာနန်ဒက်စ်ကို ဝက်စ်ဟမ်းအသင်း ပေါင်သန်း(၄၀)နဲ့ ခေါ်ယူ

Photo: West Ham United

ဝက်စ်ဟမ်းအသင်းဟာ ဆောက်သမ်တန်အသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား မားတီးယပ်စ်ဖာနန်ဒက်စ်ကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
မားတီးယပ်စ်ဖာနန်ဒက်စ်ဟာ ၂၀၂၄ နွေရာသီမှာ စပို့တင်းလစ္စဘွန်းကနေ ဆောက်သမ်တန်ကို(၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းတန်းဆင်းခဲ့ရတာကြောင့် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ ရာသီအစမှာ ပြိုင်ပွဲစုံ(၃)ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် ဆောက်သမ်တန်အသင်းရဲ့ အမာခံကစားသမား မားတီးယပ်စ်ဖာနန်ဒက်စ်ကို ခေါ်ယူအားဖြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီကို ရောက်လာတာ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီအသင်းအတွက် ကစားရမှာကိုလည်း အရမ်းစိတ်လှုပ်ရှားပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့အဆင့်တစ်ဆင့်ကို တက်လှမ်းခြင်းလို့ ထင်ပါတယ် လို့ မားတီးယပ်စ်ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းက မားတီးယပ်စ်ဖာနန်ဒက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၈)သန်းနဲ့ ကြေး ပေါင်(၂)သန်း ပေးချေရမှာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group