Eleven Media Group

အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ပေးဖို့ လီဗာပူးလ်ဘုတ်အဖွဲ့ သဘောတူညီမှုရရှိ

Photo: X

လီဗာပူးလ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ နယူးကာဆယ်အသင်းက ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေရာမှာ ပြောင်းရွှေ့ကြေးတိုးမြှင့်ပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အီဆက်ခ်ကို ပေါင်သန်း(၁၁၀)နဲ့ ကမ်းလှမ်းခဲ့ပြီးဖြစ်ပေမဲ့ နယူးကာဆယ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက အီဆက်ခ်ကို ရောင်းထုတ်လိုခြင်းမရှိပေမဲ့ အီဆက်ခ်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နယူးကာဆယ်မှာ ဆက်မကစားလိုတော့ဘူးလို့ တုံ့ပြန်ခဲ့တာကြောင့် အခြေအနေက တင်းမာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ နယူးကာဆယ်အသင်းက အီဆက်ခ်နေရာအစားထိုးဖို့ စတုဂတ်အသင်းက ဂျာမန်တိုက်စစ်မှူး ဝေါ်လ်တာမာဒီကို ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် အီဆက်ခ်ကို ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။
ဒါကြောင့် လီဗာပူးလ်အသင်းက ပေါင်သန်း(၁၃၀)နဲ့ ကြေးတိုးမြင့်ကမ်းလှမ်းဖို့ စီစဉ်နေပြီး နယူးကာဆယ်အသင်းက လက်ခံဖွယ်ရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group