
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဝင်းတားဘန်းက နည်းပြ အာတေတာအနေနဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါရဲ့နေရာမှာ လူငယ်ကစားသမား နွမ်နယ်ရီကို အသုံးပြုဖို့ စဉ်းစားသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။
အာတေတာက နွမ်နယ်ရီကို လူစားဝင်ကစားသမားအဖြစ်သာ အများဆုံးအသုံးပြုနေပြီး လက်ရှိအချိန်မှာတော့ အော်ဒီဂွါ ဒဏ်ရာရနေတာကြောင့် ဝင်းတားဘန်းက အခုလို အကြံပြုခဲ့ခြင်းလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အခုတစ်ပတ် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်အမှတ်လုပွဲ ဆင်နွှဲရမှာဖြစ်ပြီး ဆာကာကို ဒဏ်ရာပြဿနာကြောင့် သေချာပေါက်လွဲချော်ရမှာဖြစ်သလို၊ အော်ဒီဂွါ ကစားနိုင်ပါ့မလားဆိုတာလည်း မသေချာသေးပါဘူး။
''အော်ဒီဂွါနေရာ နွမ်နယ်ရီ ဝင်လာတဲ့အခါ ကစားပုံက နည်းနည်းကွဲပြားသွားပါတယ်။ အော်ဒီဂွါက ညာခြမ်းမှာ ဆာကာနဲ့ ချိတ်ဆက်ကစားတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ နွမ်နယ်ရီရဲ့ ခြားနားတဲ့ကစားပုံကို ကျွန်တော် သဘောကျပါတယ်။ သူက ဘောလုံးကို ပိုကိုင်ကစားပြီး သူ့ရဲ့ပေးပို့မှုတွေကလည်း အရမ်းကောင်းပါတယ်။ အာတေတာအနေနဲ့ ကွပြားခြားနားမှုကို လိုချင်တယ်ဆိုရင် နွမ်နယ်ရီကို အသုံးပြုသင့်ပါတယ်'' လို့ ဝင်းတားဘန်းက ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဘယ်နောက်ခံလူ ဝင်းတားဘန်းဟာ အာဆင်နယ်အသင်းမှာ (၁၃)နှစ်ကြာ ကစားခဲ့သူပါ။