
ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာဟာ မန်စီးတီးနဲ့ပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဒုတိယအသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။
မီလ်နာဟာ ဂိုးသွင်းယူချိန်မှာ အသက် (၃၉)နှစ်နဲ့ (၂၃၉)ရက်ရှိပြီဖြစ်တာကြောင့် ဒုတိယအသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံးဂိုးသွင်းယူကတော့ ဝက်စ်ဟမ်းအသင်းအတွက် (၄၀)နှစ်နဲ့ (၂၆၈)ရက်မှာ ဂိုးသွင်းယူပေးခဲ့တဲ့ တက်ဒီရှရင်ဂမ် ဖြစ်ပါတယ်။
မီလ်နာက ပယ်နယ်တီကန်သွင်းယူတွေထဲမှာဆိုရင်တော့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူက ပရီးမီးယားလိဂ်မှာ ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူဆိုတဲ့ မှတ်တမ်းကိုလည်း (၁၆)နှစ်၊ (၃၅၆)ရက်နဲ့ ပိုင်ဆိုင်ထားသူပါ။
ဒါကြောင့် မီလ်နာအနေနဲ့ ပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုးသွင်းခဲ့ချိန်နဲ့ အခုနောက်ဆုံးဂိုးသွင်းခဲ့ချိန်ဟာ (၂၂)နှစ်နဲ့ (၂၄၈)ရက်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။
မီလ်နာဟာ မန်စီးတီးဘက်ကို ဂိုးသွင်းယူပြီးချိန်မှာ လီဗာပူးလ်အသင်းဖော်ဟောင်း ဖြစ်ခဲ့တဲ့ ဂျိုတာလို အောင်ပွဲခံပြီး အောက်မေ့အမှတ်ရနေကြောင်း ပြသခဲ့ပါတယ်။