
မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက မိမိက မက်ဆီမဟုတ်တာကြောင့် ပြန်ကစားနိုင်ချိန်မှာ အသင်းကို နိုင်ပွဲရအောင် လုပ်မပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆုရရှိထားတဲ့ ရိုဒရီဟာ ၂၀၂၄ စက်တင်ဘာမှာ ACL ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ဒီနှစ် မေလမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာတော့ ရိုဒရီက နောက်ဆုံး(၁၁)လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ အရင်ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိခဲ့သလို၊ အသင်းအနေနဲ့လည်း ရှုံးပွဲတွေ့ခဲ့တာကြောင့် ရိုဒရီက အခုလိုပြောကြားခဲ့တာပါ။
''ကျွန်တော်က မက်ဆီ မဟုတ်ပါဘူး။ ပြန်ကစားနိုင်ချိန်မှာ အသင်းကို နိုင်ပွဲတွေဆက်အောင် လုပ်မပေးနိုင်ပါဘူး။ ဒါက စုပေါင်းလုပ်ဆောင်ရတဲ့ အားကစားနည်းပါ။ ကျွန်တော်တို့ အတိတ်မှာ အနိုင်ရခဲ့ပါတယ်။ ကျွန်တော့်အသင်းဖော်တွေကို လိုအပ်ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်ပြီးရင် ကျွန်တော်တို့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်'' လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။