
အာဆင်နယ်နည်းပြ အာတေတာက ပြင်သစ်နောက်ခံလူ ဆာလီဘာရဲ့ ဒဏ်ရာအခြေအနေအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။
ဆာလီဘာဟာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပွဲအစ(၅)မိနစ်မှာကတည်းက လူစားလဲခံခဲ့ရတာဖြစ်ပြီး ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းချိန်ကတည်းက ဒဏ်ရာရခဲ့တာဖြစ်တယ်လို့လည်း အာတေတာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
''သူက သွေးပူလေ့ကျင့်ခန်းလုပ်ကတည်းက ခြေချင်းဝတ်လည်သွားတာပါ။ သူက ကစားနိုင်မယ်လို့ ယုံကြည်ပြီး ကွင်းထဲဝင်ခဲ့ပေမဲ့ ပထမဆုံးလှုပ်ရှားမှုနှစ်ခုမှာပဲ နိုင်နိုင်နင်းနင်းမရှိတော့တာကြောင့် ကျွန်တော်တို့ သူ့ကို ထုတ်ခဲ့ရတာပါ'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
ဆာလီဘာကို အနားပေးထားရမယ့် အခြေအနေအတွက် စဉ်းစားထားသလားလို့ မေးမြန်းမှုကိုတော့ အာတေတာက ''ကျွန်တော် စိုးရိမ်ပါတယ်။ သူ မကစားနိုင်တဲ့ပွဲက တစ်ခုခုလိုအပ်ချက်ရှိနေသလိုပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
အာတေတာက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်ပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်းနဲ့ မှော်ဝင်အခိုက်အတန့်တစ်ခုကသာ ပွဲကို အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။