Eleven Media Group

တန်ဟက်ဂ်ရဲ့အနာဂတ်အတွက် လေဗာကူဆင်ဘုတ်အဖွဲ့ ဆွေးနွေးနေ

Photo: X

လေဗာကူဆင်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်အတွက် ဆွေးနွေးနေပြီး တန်ဟက်ဂ်အနေနဲ့ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
နယ်သာလန်နည်းပြ တန်ဟက်ဂ်ဟာ ၂၀၂၄ အောက်တိုဘာမှာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီး ၂၀၂၅ ဇူလိုင်မှာ လေဗာကူဆင်အသင်းကို (၂)နှစ်စာချုပ်နဲ့ ကိုင်တွယ်ခဲ့တာပါ။
တန်ဟက်ဂ်ဟာ ရာသီအဖွင့် ဘွန်ဒစ်လီဂါပွဲစဉ်နှစ်ပွဲမှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ နိုင်ပွဲမရသေးတာကြောင့် လေဗာကူဆင်ဘုတ်အဖွဲ့က သူ့ရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး ရာထူးက စောစောစီးစီးထုတ်ပယ်ပစ်ဖို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မီဒီယာတချို့ကတော့ လေဗာကူဆင်အသင်းဟာ တန်ဟက်ဂ်ကို အပြောင်းအရွှေ့စျေးကွက် ပိတ်ပြီးချိန်မှာ ရာထူးက ထုတ်ပယ်ဖို့ စီစဉ်ထားကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ပရိသတ်တချို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဆိုးလ်ရှားနဲ့ မော်ရင်ဟိုတို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ယူနည်းပြဟောင်း(၃)ဦး ဆက်တိုက်ထုတ်ပယ်ခံခဲ့ရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group