Eleven Media Group

မန္တလေး အမရပူရမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်အား တိုက်မိကာ မီးလောင်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဥယျာတော်ကျေးရွာ၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းတွင် စက်တင်ဘာ ၁ ရက် နံနက်ပိုင်း ၆ နာရီ ၄၄ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်အား ဝင်တိုက်မိပြီး သုံးဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ထိုသို့တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း ကနဦးစုံစမ်းချက်များအရ သိရသည်။

အဆိုပါယာဉ်တိုက်မိပြီး မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် အမရပူရမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၂၄ မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group