
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြင်သစ်တိုက်စစ်ကစားသမား ချာကီဟာ ဒဏ်ရာပြဿနာကြောင့် (၂)လနားရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဘရိုက်တန်နဲ့ပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဂွါဒီယိုလာက (၇)ပတ် ဒါမှမဟုတ် (၈)ပတ် အနားယူရမှာဖြစ်ကြောင်းနဲ့ နိုဝင်ဘာလမှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့တာပါ။
ချာကီဟာ ပေါင်ကြွက်သားဒဏ်ရာရရှိိနေတာဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒါကြောင့် ပြင်သစ်အသင်းလူစာရင်းမှာ အီကီတီကီကို အစားထိုးခေါ်ယူခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ချာကီဟာ စက်တင်ဘာ(၁၄)မှာ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။
ချာကီက မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ မန်ယူအသင်းနဲ့ ဆုံတွေ့တဲ့ မန်ချက်စတာဒါဘီရောက်ရင် ချေမှုန်းပစ်ဖို့ စောင့်နေတယ်လို့ ကြုံးဝါးခဲ့ဖူးပါတယ်။