Eleven Media Group

ရှက်တာဒိုးနက်တောင်ပံကစားသမား ကယ်ဗင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဖူလ်ဟမ် သဘောတူညီမှုရ

Photo: X

ဖူလ်ဟမ်အသင်းဟာ ရှက်တာဒိုးနက်အသင်းက ဘရာဇီးလ်တောင်ပံကစားသမား ကယ်ဗင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၄.၆)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
ကယ်ဗင်(၂၂ နှစ်)ဟာ ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပါးလ်မီးရပ်စ်အသင်းကနေ ရှက်တာဒိုးနက်ကို ပေါင်(၁၀)သန်းဝန်းကျင်နဲ့ ရောက်ရှိခဲ့သူပါ။
ကယ်ဗင်ဟာ ရှက်တာဒိုးနက်အသင်းအတွက် ပြိုင်ပွဲစုံ(၅၇)ပွဲ ကစားရာမှာ (၁၇)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်ပေးထားတဲ့ ဘယ်တောင်ပံကစားသမားဖြစ်ကြောင်း သိရပါတယ်။
ဖူလ်ဟမ်အသင်းဟာ ကယ်ဗင်မတိုင်ခင်က အာဆင်နယ်ကစားသမား စမစ်ရိုးကို ပေါင်(၂၇)သန်းနဲ့ ခေါ်ယူခဲ့ခြင်းက တန်ဖိုးအကြီးဆုံးဖြစ်တာကြောင့် အခု ကယ်ဗင်က အသင်းရဲ့စံချိန်သစ်ဖြစ်ခဲ့တာပါ။
ဖူလ်ဟမ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group