
မန်ယူအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို ငွေကြေးများစွာ အရှုံးခံပြီး ဘက်တစ်အသင်းဆီ ရောင်းထုတ်ခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ အန်တိုနီကို ၂၀၂၂ နွေရာသီမှာ အေဂျက်စ်အသင်းကနေ ပေါင်(၈၁.၃)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခု ဘက်တစ်အသင်းဆီ ပေါင်(၂၁.၆၅)သန်းနဲ့ ရောင်းထုတ်ခဲ့တာပါ။
ဒါကြောင့် ပေါင်သန်း(၆၀)ဝန်းကျင် အရှုံံးပေါ်ခဲ့တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး ဘက်တစ်အသင်းက တခြားအသင်းဆီ ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင်တော့ အဲဒီအပြောင်းအရွှေ့ကနေ အကျိုးအမြတ်(၅၀%) ရရှိမယ့် သဘောတူညီမှု ပါဝင်တယ်လို့ သိရပါတယ်။
ဘက်တစ်အသင်းက ပြီးခဲ့တဲ့ ရာသီတုန်းက အငှားနဲ့ လာရောက်ကစားစဉ် ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်တိုနီကို အပြီးသတ်ခေါ်ယူရာမှာ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၁၉.၀၆)သန်းနဲ့ ကြေး ပေါင်(၂.၅၉)သန်းသာ ပေးချေရမှာဖြစ်ပါတယ်။
အန်တိုနီဟာ မန်ယူအသင်းမှာ (၃)ရာသီအတွင်း ပြိုင်ပွဲစုံ(၉၆)ပွဲကစားကာ (၁၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။