
ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးနဲ့ လီဗာပူးလ်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အိုလီဆေးကို ရောင်းရန်မဟုတ်လို့ သတ်မှတ်ထားကြာင်း သိရပါတယ်။
အိုလီဆေးဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပေမဲ့ အင်္ဂလန်မှာ မွေးဖွားခဲ့သူူဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ကတစ်ဆင့် ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့သူပါ။
ဘိုင်ယန်မြူးနစ်အသင်းက အိုလီဆေးကို ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဂျာမန်မြေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးနဲ့ လီဗာပူးလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ပြီး ရောင်းချနိုင်မယ့် ပြောင်းရွှေ့ကြေးတန်ဖိုးကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူတွေက အိုလီဆေးကို အသင်းမှာ နှစ်ရှည်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေတာကြောင့် ရောင်းရန်မဟုတ်လို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း Bild က ဖော်ပြခဲ့ပါတယ်။
အိုလီဆေးကို ခေါ်ယူဖို့ PSG အသင်းကလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။