
မန်ယူကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုက အခုလိုပြောင်းရွှေ့ဖို့ မက်ဆီကလည်း အကြံပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂါနာချိုက မက်ဆီရဲ့ အဓိကပြိုင်ဘက်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒိုကို သူ့ရဲ့ စံပြကစားသမားအဖြစ် သတ်မှတ်ထားပေမဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ သူ့ရဲ့ ဆက်ဆံရေးက ကောင်းမွန်ကြောင်း သိရပါတယ်။
ဒါကြောင့် မန်ယူအသင်းက ထွက်ခွာဖို့ အသင်းသစ်ရှာဖွေနေချိန်မှာ မက်ဆီနဲ့ စကားပြောဖြစ်တော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
'' ကျွန်တော် သူနဲ့ စကားပြောခဲ့ပါတယ်။ သူက ချယ်လ်ဆီးကို ပြောင်းဖို့ အကြံပေးခဲ့ပါတယ်'' လို့ ဂါနာချိုက ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက ဂါနာချိုကို ယူရိုသန်း(၄၀)နဲ့ခေါ်ယူပြီး ၂၀၃၂ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။