Eleven Media Group

လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ဇာဗီ ငြင်းပယ်

Photo: X

ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဇာဗီဟာ လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
လေဗာကူဆင်အသင်းဟာ စပိန်နည်းပြ ရှာဘီအလွန်ဆိုနဲ့ လမ်းခွဲချိန်တုန်းက ဇာဗီကို အစားထိုးခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ဖူးသလို၊ အခု ဒတ်ချ်နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ချိန်မှာလည်း ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ လေဗာကူဆင်အသင်းက အဓိကကစားသမားအများအပြားကို ဆုံးရှုံးထားတာကြောင့် ဇာဗီက မကိုင်တွယ်လိုခြင်း ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။
၂၀၂၄ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဗီက ဒီနှစ် နွေရာသီအစောပိုင်းမှာ နည်းပြလောကကို ပြန်လည်ဝင်ရောက်လိုကြောင်းပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်မှာ နည်းပြလိုကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။
ဒါကြောင့် ဇာဗီက လေဗာကူဆင်အသင်းကို ငြင်းပယ်ခဲ့ပေမဲ့ တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group