Eleven Media Group

ဂျိုတာ၊ အန်ဒရေဆေးလ်ဗားနှင့် ဂျော့ချ်ကော်စတာတို့ကို ပေါ်တူဂီလက်ရွေးစင်အသင်း ဂုဏ်ပြုပွဲပြုလုပ်

Photo: Reuters

ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့လတွေအတွင်း ကွယ်လွန်သွားတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျိုတာ၊ အန်ဒရေဆေးလ်ဗားနဲ့ ဂျော့ချ်ကော်စတာတို့ကို ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဓိကအကျဆုံး ဂုဏ်ပြုခံရသူကတော့ ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးလ်ကစားသမား ဂျိုတာကိုဖြစ်ပြီး သူ့နာမည်နဲ့ ကျောနံပါတ်ပါဝင်တဲ့ ပေါ်တူဂီအကျင်္ီပုံကိုလည်း ကြေးရုပ်တုထုလုပ်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အာမေးနီးယား၊ ဟန်ဂေရီအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂျိုတာ မရှိတော့တဲ့နောက် ပထမဆုံးကစားရမယ့် လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေလည်း ဖြစ်ပါတယ်။
ဒါကြောင့် လက်ရွေးစင်ကစားသမားတွေ ပြန်လည်စုစည်းမိချိန်မှာ ဂျိုတာတို့အတွက် ဂုဏ်ပြုအောက်မေ့ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။
အခမ်းအနားမှာ ဂျိုတာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ရူဘင်နေးဗက်စ်က အမှတ်တရစကားပြောကြားခဲ့ပြီး သူက ပေါ်တူဂီအသင်းမှာ ဂျိုတာရဲ့ နံပါတ်(၂၁)ကို ပြောင်းလဲဝတ်ဆင်သွားမှာဖြစ်သလို၊ ခြေသလုံးမှာလည်း ဂျိုတာနဲ့ သူ့ပုံကို အမှတ်တရတက်တူးထိုးထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group