Eleven Media Group

အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန်ဂျယ်လိုစတေလာကို မန်ယူအသင်းရဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရ

Photo: X

မန်ယူအသင်းဟာ ၂၀၂၅ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စတုဂတ်အသင်းက ဂျာမန်ကွင်းလယ်ခံစစ်ကစားသမား အန်ဂျယ်လိုစတေလာကို ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။
မန်ယူအသင်းဟာ နွေရာသီကာလ အစောပိုင်းနေ့ရက်တွေမှာ စတေလာအကြောင်း စုံစမ်းမေးမြန်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ နောက်ထပ် ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘဲ စျေးကွက်ပိတ်ခါနီးမှာမှ ရုတ်တရက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ စတေလာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ပုံမှန်ပွဲကစားခွင့်ရရှိမယ့် စတုဂတ်အသင်းမှာသာ ဆက်ရှိဖို့ဆုံးဖြတ်ပြီး မန်ယူအသင်းကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရတဲ့ စတေလာ(၂၄ နှစ်)က ပြည်ပကို ထွက်ခွာကစားဖို့ စိတ်ဝင်စားပေမဲ့ လက်ရှိအချိန်မှာ မစဉ်းစားသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပြီးတော့ သူ့အနေနဲ့ ကစားသမားဘဝကို အမေရိကန်က မေဂျာလိဂ်ပြိုင်ပွဲမှာ အဆုံးသတ်ဖို့ ရည်မှန်းထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group