
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယမားလ်က ဘာစီလိုနာကစားသမားဟောင်း အလက်ဆစ်ဆန်းချက်ဇ် လာလီဂါကို ပြန်ရောက်လာတဲ့အတွက် အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
၀ါရင့် ချီလီတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်(၃၆ နှစ်)ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၄ အထိ ကစားခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်နဲ့ မန်ယူတို့မှာလည်း ကစားခဲ့ဖူးသူပါ။
အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အူဒီးနီးစ်အသင်းမှာ ကစားခဲ့ပြီး နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဆီဗီလာအသင်းကို တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
''ဆီဗီလာကို ရောက်ရှိလာတဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့ နောက်ဆုံးမိနစ်အပြောင်းအရွှေ့တွေလိုမျိုး ထူးခြားပြီး အံ့အားသင့်ရတာတွေကို ကျွန်တော် အမြဲသဘောကျပါတယ်။ ဒါဟာ ဘောလုံးရဲ့ အလှတရားတစ်ခုပါပဲ။ အပြောင်းအရွှေ့ကာလမှာ ဒီအပိုင်းအခြားက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်'' လို့ ယမားလ်က ပြောကြားခဲ့ပါတယ်။
ဆီဗီလာနဲ့ ဘာစီလိုနာအသင်းဟာ အောက်တိုဘာ (၅)ရက်မှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အလက်ဆစ်ဆန်းချက်ဇ်နဲ့ ယမားလ်တို့ သိပ်မကြာခင် ဆုံတွေ့ရတော့မှာပါ။