Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပွဲကြိုသုံးသပ်ချက်

Photo: UEFA

ယူကရိန်း နှင့် ပြင်သစ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

ပြင်သစ်အသင်းက UEFA Nations League ပြိုင်ပွဲမှာ တတိယရခဲ့တယ်။ ဆီမီးဖိုင်နယ်မှာ စပိန်ကို အပြန်အလှန်သွင်းဂိုးတွေ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ တတိယနေရာလုပွဲမှာတော့ ဂျာမနီကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တယ်။ ယူကရိန်းကတော့ တန်းတက်ခွင့် Play-offs ပွဲစဉ်မှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့တယ်။ ယူကရိန်းက မာကျောပေမဲ့ ပြင်သစ်အသင်းကိုတော့ ယှဉ်နိုင်စရာမရှိပါဘူး။ ကြားကွင်းမှာ ပြင်သစ်အသင်း သုံးမှတ်စတင်ရယူနိုင်မှာပါ။

အီတလီ နှင့် အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)

ဒီပွဲက အီတလီအသင်းနည်းပြသစ် ဂတ်တူဆိုရဲ့ ပထမဆုံးပွဲဦးထွက်ပါ။ အီတလီအသင်းက အုပ်စု (I) မှာ နှစ်ပွဲကစား၊ သုံးမှတ် နဲ့ တတိယနေရာ ရပ်တည်နေတယ်။ အက်စ်တိုးနီးယားကလည်း လေးပွဲကစား၊ သုံးမှတ်နဲ့ ရမှတ်တူရပ်တည်နေပေမဲ့ ကစားသမားအင်အား၊ ခြေစွမ်းပိုင်းအရတော့ တော်တော်လေး ကွာခြားပါတယ်။ အီတလီအသင်း ဂိုးပြတ် အနိုင်ရမယ့်ပွဲပါ။

အခြားပွဲစဉ်များ

*ဆွစ်ဇာလန် - ကိုဆိုဗို
*အိုက်စလန် - အဇာဘိုင်ဂျန်
ဆလိုဗေးနီးယား - ဆွီဒင်*
*ဂရိ - ဘီလာရုစ်
ဖာရိုးကျွန်းစုများ - ခရိုအေးရှား*
*မွန်တီနီဂရိုး - ချက်
မော်လ်ဒိုဗာ - အစ္စရေး*
*ဒိန်းမတ် - စကော့တလန်

မူရင်းသတင်း — Eleven Media Group