Eleven Media Group

၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသားတင်အသုံးစရိတ်အများဆုံးအဖြစ် မန်စီးတီးအသင်း ဦးဆောင်ခဲ့

Photo: X

၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသားတင်အသုံးစရိတ်အများဆုံးအဖြစ် မန်စီးတီးအသင်းက ယူရို ၃၆၈ သန်းနဲ့ ဦးဆောင်ခဲ့ပြီး ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ ပရီးမီးယားလိဂ်ကလပ် ခြောက်သင်းအထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဒီစာရင်းကို ဘောလုံးနှင့်ပတ်သက်တဲ့ အချက်အလက်မှတ်တမ်းများ သုတေသနပြုလုပ်လျက်ရှိတဲ့ CIES Football Observatory က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကမ္ဘာတစ်ဝန်းက ကလပ်အသင်းတွေရဲ့ ကစား သမားခေါ်ယူမှု၊ ရောင်းချမှုစာရင်းကို အခြေခံပြီး အသားတင်အသုံးစရိတ်ကို တွက်ချက်ထားတာပါ။
မန်စီးတီးအသင်းအနေနဲ့ ကစားသမားခေါ်ယူမှုအတွက် ယူရို ၄၆၂.၅ သန်း အသုံးပြုခဲ့ပြီး ကစားသမားရောင်းချမှုကနေ ယူရို ၉၃.၈ သန်းသာ ပြန်လည်ရရှိခဲ့တာကြောင့် အသားတင်အသုံးစရိတ် ယူရို ၃၆၈.၇ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင် ခဲ့ခြင်းဖြစ်ပါတယ်။
မန်စီးတီးရဲ့နောက်မှာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်အသင်းက ကစားသမားခေါ်ယူမှုအတွက် ယူရို ၃၇၈ သန်း၊ ကစားသမားရောင်းချမှုအတွက် ယူရို ၁၂.၃ သန်း၊ အသားတင်အသုံးစရိတ် ယူရို ၃၆၅.၇ သန်း၊ စံချိန်တင်အသုံးစရိတ်အသုံးပြုခဲ့တဲ့ လီဗာပူးလ်အသင်းက ကစားသမားခေါ်ယူမှုအတွက် ယူရို ၄၉၉.၆ သန်း၊ ကစားသမားရောင်းချမှုအတွက် ယူရို ၂၅၅.၂ သန်း၊ အသားတင်အသုံးစရိတ် ယူရို ၂၄၄.၄ သန်း၊ မန်ယူအသင်းက ကစားသမားခေါ်ယူမှုအတွက် ယူရို ၃၁၆.၆ သန်း၊ ကစားသမားရောင်းချမှုအတွက် ယူရို ၇၇.၂ သန်း၊ အသားတင်အသုံးစရိတ် ယူရို ၂၃၉.၄ သန်း၊ စပါးအသင်းက ကစားသမားခေါ်ယူမှုအတွက် ယူရို ၂၄၆.၃ သန်း၊ ကစားသမားရောင်းချမှုအတွက် ယူရို ၃၂.၈ သန်း၊ အသားတင်အသုံးစရိတ် ယူရို ၂၁၃.၅ သန်း၊ တန်းတက် ဆန်းဒါးလန်းအသင်းက ကစားသမားခေါ်ယူမှုအတွက် ယူရို ၂၂၀ သန်း၊ ကစားသမားရောင်းချမှုအတွက် ယူရို ၅၁.၆ သန်း၊ အသားတင်အသုံးစရိတ် ယူရို ၁၆၈.၄ သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင် ရီးယဲလ်အသင်းက ယူရို ၁၆၅.၇ သန်း၊ ကိုမိုအသင်းက ယူရို ၁၆၃.၉ သန်း၊ ဂါလာတာစာရေးအသင်းက ယူရို ၁၆၂.၁ သန်း၊ အယ်လ်နာဆာအသင်းက ယူရို ၁၄၈.၆ သန်းနဲ့ အစဉ်လိုက်ရပ်တည်ခဲ့ကြကြောင်း သိရပါတယ်။

အသားတင်အသုံးစရိတ်အများဆုံး ထိပ်ဆုံး ၁၀ သင်း
အသင်း လိဂ်ပြိုင်ပွဲ အသုံးစရိတ်
မန်စီးတီး ပရီးမီးယားလိဂ် ၃၆၈.၇ သန်း
အာဆင်နယ် ပရီးမီးယားလိဂ် ၃၆၅.၇ သန်း
လီဗာပူးလ် ပရီးမီးယားလိဂ် ၂၄၄.၄ သန်း
မန်ယူ ပရီးမီးယားလိဂ် ၂၃၉.၄ သန်း
စပါး ပရီးမီးယားလိဂ် ၂၁၃.၅ သန်း
ဆန်းဒါးလန်း ပရီးမီးယားလိဂ် ၁၆၈.၄ သန်း
ရီးယဲလ်မက်ဒရစ် လာလီဂါ ၁၆၅.၇ သန်း
ကိုမို စီးရီးအေ ၁၆၃.၉ သန်း
ဂါလာတာစာရေး စူပါလိဂ် ၁၆၂.၁ သန်း
အယ်လ်နာဆာ ပရိုလိဂ် ၁၄၈.၆ သန်း

မူရင်းသတင်း — Eleven Media Group