Eleven Media Group

ကွယ်လွန်သွားတဲ့ ဘရာဇီးလ်ဘီလျံနာတစ်ဦးက နေမာကို ဒေါ်လာ(၁)ဘီလီယံကျော်တန်ကြေးရှိတဲ့ ပိုင်ဆိုင်မှုတွေ ပေးအပ်ခဲ့ကြောင်း သတင်းထွက်

Photo: X

ဒီနှစ် အစောပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့ ဘရာဇီးလ်ဘီလျံနာတစ်ဦးက ဒေါ်လာ(၁)ဘီလီယံကျော်တန်ကြေးရှိတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သေတမ်းစာရေးပြီး နေမာဆီ ပေးအပ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အမည်မဖော်ပြတဲ့ အဲဒီဘရာဇီးလ်ဘီလျံနာက အသက်(၃၁)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့မှာ သားသမီးလည်း မရှိဘူးလို့ သိရပါတယ်။
အဲဒီဘီလျံနာက သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာချိန်မှာပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို နေမာဆီ ပေးအပ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နေမာရဲ့ အားကစားစွမ်းရည်ကိုရော တစ်ကိုယ်ကောင်းမဆန်ဘဲ မိသားစုအပေါ် ချစ်မြတ်နိုးမှုကိုရော သဘောကျတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်သွားတဲ့ ဘရာဇီးလ်ဘီလျံနာဟာ နေမာနဲ့ အပြင်မှာ ဆုံတွေ့ခဲ့ဖူးသူမဟုတ်တာကြောင့် နေမာအနေနဲ့ အလွန်ကံကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဝင်ငွေကောင်းတဲ့ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ နေမာဟာ လက်ရှိအချိန်မှာ ဒေါ်လာသန်း(၃၅၀)ဝန်းကျင် ကြွယ်ဝချမ်းသာသူဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group