Eleven Media Group

ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းက ဂျွန်စတုန်းစ် နုတ်ထွက်

Photo: X

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ကြွက်သားဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ဂျွန်စတုန်းစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပရီးမီးယားလိဂ်(၃)ပွဲစလုံး ယှဉ်ပြိုင်ကစားထားသူဖြစ်ပေမဲ့ ကြွက်သားဒဏ်ရာရှိနေကြောင်း သိရပါတယ်။
ဒဏ်ရာအခြေအနေက တိုးတက်ကောင်းမွန်လာခြင်းမရှိတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဒီနေ့မနက်မှာ လူစာရင်းကနေ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
''ကံမကောင်းစွာပဲ ဂျွန်စတုန်းစ် ထွက်သွားပါပြီ။ သူ ရောက်လာကတည်းက အသေးစားကြွက်သားဒဏ်ရာ ပါလာပါတယ်။ တိုးတက်မှုမရှိတာကြောင့် ဒီမနက် ပြန်ခွင့်ပြုလိုက်တာပါ။ ကျွန်တော်တို့ မစွန့်စားချင်ပါဘူး'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီရက်ပိုင်းမှာ အန်ဒိုရာ၊ ဆားဘီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲရမှာပါ။

မူရင်းသတင်း — Eleven Media Group