Eleven Media Group

စထရန်းလာဆန်ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ဝုလ်ဗ်အသင်း စီစဉ်နေ

Photo: Getty Images

ဝုလ်ဗ်အသင်းဟာ နော်ဝေတိုက်စစ်မှူး စထရန်းလာဆန်ကို သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဝုလဗ်အသင်းဟာ စထရန်းလာဆန်(၂၅ နှစ်)ကို ဒီနွေမှာမှ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ခေါ်ယူထားတာပါ။
ဒါပေမဲ့ ဆယ်လ်တာဗီဂိုအသင်းကနေ ပြီးခဲ့တဲ့ရာသီကတည်းက အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကြိုတင်သဘောတူထားတဲ့အတိုင်း ဒီနွေမှာ ပေါင်(၂၃)သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာပါ။
စထရန်းလာဆန်ကို နယူးကာဆယ်အသင်းက ပေါင်သန်း(၅၀)နဲ့တစ်ကြိမ်၊ ပေါင်(၅၅)သန်းနဲ့တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ ဝုလ်ဗ်အသင်းက ငြင်းပယ်ခဲ့ပြီး အခု စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဝုလ်ဗ်အသင်းရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဂျက်ဖ်ရှီက စထရန်းလာဆန်ကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group